အိုမီခရွန်ရောဂါပိုးသည် ကူးစက်နှုန်းလျင်မြန်သော ရောဂါပိုးတစ်မျိုးဖြစ်တာကြောင့် ကာကွယ်ရေး နည်းလမ်းများကို စနစ်တကျလိုက်နာကြရန်နှိုးဆော်

မင်းဘူး ဖေဖော်ဝါရီ ၁၁

မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ကျေးရွာများသို့ အိုမီခရွန်ရောဂါပိုးသည် ကူးစက်နှုန်း လျင်မြန်သော ရောဂါပိုးတစ်မျိုးဖြစ်တာကြောင့် ကာကွယ်ရေးနည်းလမ်းများကို စနစ်တကျ လိုက်နာကြရန် တိုက်တွန်းနှိုးဆော်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က နှိုးဆော်ဆောင်ရွက်ခဲ့သည်။

ထိုသို့ နှိုးဆော်ရာတွင် မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါသည် မိမိတို့နိုင်ငံတွင် စတင်တွေ့ရှိလာသည့် အတွက် ကြိုတင်ကာကွယ်နိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကာကွယ်ရေး နည်းလမ်းများနှင့်အညီ နေထိုင်ရန်၊  အိုမီခရွန်ရောဂါသည် ရောဂါကူးစက်မှု ပိုမိုမြန်ဆန်ခြင်းကြောင့် လက်ဦးမှုရယူကာ ကြိုတင်ကာကွယ် ထားကြရန်နှင့် ကာကွယ်ဆေးများ ထိုးနှံခြင်းကိုလည်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လွှမ်းခြုံမှုရှိစေရန် ပြည်သူများအနေဖြင့် မပျက်မကွက် အကြိမ်ရေပြည့်မီစွာ ထိုးနှံကြပါရန် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများ အရောက် အသိပေး နှိုးဆော်ခဲ့ကြကြောင်း သိရသည်။

ဇေယျာထက်(မင်းဘူး)