မြို့နယ် သံဃနာယကအဖွဲ့ဝင်များ အနားယူခြင်း၊ အစားထိုးရွေးချယ်ခြင်း အခမ်းအနား ကျင်းပ

ကြို့ပင်ကောက်  ဖေဖော်ဝါရီ  ၁၁

ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့ တိုက်ကျောင်းပါဠိတက္ကသိုလ်တွင် မြို့နယ်သံဃနာယကအဖွဲ့ အစည်းအဖွဲ့ဝင်များ အနားယူခြင်း၊ အစားထိုးရွေးချယ်ခြင်း အခမ်းအနား ကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် သဘာပတိဆရာတော်မှ အစည်းအဝေးဖွင့်ဩဝါဒကထာမိန့်ကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်မင်းဌေးမှ သာသနာရေး ဆိုင်ရာများကို လျောက်ထားကာသဘာပတိဆရာတော်မှ မြို့နယ်သံဃနာယကအဖွဲ့မှ အနားယူမည့်ဆရာတော်များ၏ ဘွဲ့အမည်စာရင်းများကိုကြေညာခြင်း မြို့နယ်သံဃာ့ အဖွဲ့အစည်းမှ ပြန်လည်ရွေးချယ်တင်မြှောက်သော ဆရာတော်များ၏ ဘွဲ့အမည်စာရင်းများကိုကြေညာခြင်း သံဃာ့အဖွဲ့အစည်း လုပ်ထုံးလုပ်နည်းများကို ဖတ်ကြားရှင်းလင်း ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

ကြို့ပင်ကောက်မြို့နယ် သံဃနာယကအဖွဲ့အား ဆရာတော်(၁၁)ပါးဖြင့်ဖွဲ့စည်းကာ မြို့နယ်သံဃနာယက ဥက္ကဋ္ဌဆရာတော် တစ်နေရာနှင့် အဖွဲ့ဝင်ဆရာတော် သုံးနေရာတို့ကို အတည်ပြု ခန့်အပ်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်အတွင်းမှ ကျောင်းထိုင်ဆရာတော်ကြီးများ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး သာသနာရေးဦးစီး မှူးရုံးခွဲပြည်မြို့မှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းဆွေ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)