ခါမ်းပါတ်မြို့တွင် စာအုပ်၊စာစောင်ပြပွဲ ကျင်းပပြုလုပ်

ခါမ်းပါတ်  ဖေဖော်ဝါရီ  ၁၁

စစ်ကိုင်းတိုင်းဒေသကြီး  တမူးခရိုင်၊ ခါမ်းပါတ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (community centre)ခန်းမတွင် ယနေ့ မွန်းလွဲ ၂ နာရီအချိန်က (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာအုပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

"အဓိကကတော့ ကျွန်တော်တို့ ပြည်သူ့စာကြည့်တိုက်တွေမှာ သုတ/ရသစာအုပ်မျိုးစုံရှိတယ် ဆိုတာကို  ကျယ်ကျယ်ကျယ်ပြန့်ပြန့် သိစေလိုတာရယ် စာကြည့်တိုက်နဲ့ ရင်းနှီးကျွမ်းဝင်တဲ့ အနေအထားကနေတဆင့် အသုံးချတတ်တဲ့ အလေ့အထရရှိစေလိုတာရယ်ကြောင့် ပြသရခြင်းဖြစ်ပါတယ်" ခါမ်းပါတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးအောင်နိုင်ဝင်းထံမှ သိရသည်။

အဆိုပါ စာအုပ်စာစောင်ပြပွဲသို့ စိတ်ပါဝင်စားသူ ၁၄ ဦးခန့် တက်ရောက်ခဲ့ကြပြီး စာအုပ်၊ စာစောင်များလည်း ငှားရမ်းသွားခဲ့ကြကြောင်းသိရသည်။

ထို့အပြင် ခါမ်းပါတ်မြို့ ပြည်သူ့စာကြည့်တိုက် Facebook page မှလည်း စာအုပ်မိတ်ဆက်ခြင်း၊ ကဗျာရွတ်ဆိုခြင်းနှင့် ပုံပြောအစီအစဉ်တင်ဆက်ခြင်း ကဲ့သို့သော အသိပညာပေးလုပ်ငန်း များကိုလည်း ပုံမှန်တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။

သားငယ်(ခါမ်းပါတ်)