ကန့်ဘလူ ဖေဖော်ဝါရီ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာ Talk Show အစီ အစဉ်ကို ယမန်နေ့ နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က Talk Show အစီအစဉ်များ ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက် များကို ရှင်းလင်းပြောကြားပြီး ကန့်ဘလူမြို့ အထက(၁)မှ အထက်တန်းပြဆရာ ဦးပြည့်ဖြိုးဆွေက ပြည်ထောင်စုနေ့ ပေါ်ပေါက်လာပုံ အကြောင်းအရာများ၊ ပြည်ထောင်စု စိတ်ဓာတ်နှင့် ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာများ၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များ ပင်လုံစာချုပ် ချုပ်ဆိုမှု၊ လွတ်လပ်ရေးရရှိအောင် ကြိုးပမ်း ဆောင်ရွက်မှုများ စသည့်အကြောင်းအရာများကို အသိပညာပေးဆွေးနွေးခဲ့သည်။
ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာ ဗဟုသုတ ရရှိစေရန် အသိပညာပေး ဆွေးနွေးပွဲ (Talk Show) များကို လစဉ်ဆောင်ရွက်လျက်ရှိပြီး အဆိုပါ Talk Show ဆွေးနွေးပွဲများအား ခရိုင်ပြည်သူ့စာကြည့်တိုက် Page မှ တစ်ဆင့် ထုတ်လွှင့်ပေး လျက်ရှိကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)