ဟင်္သာတခရိုင် ပြန်/ဆက်ရုံး (Community Centre) ခန်းမတွင် စားသုံးသူရေးရာ အသိပညာပေး Talk Show ကျင်းပ

ဟင်္သာတ  ဖေဖေါ်ဝါရီ   ၁၀

ဟင်္သာတခရိုင် ပြန်/ဆက်ဦးစီးဌာနနှင့် စားသုံးသူရေးရာ ဦးစီးဌာနတို့ပူးပေါင်း၍ ပြည်သူများအသိပညာဗဟုသုတ ရရှိစေရန်အသိပညာပေး   Talk Show ဆွေးနွေးပွဲ ကို  ယနေ့  နံနက် ၁၀ နာရီက   ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန   ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမတွင်      ကျင်းပပြု လုပ် ခဲ့သည်။

ရှေးဦးစွာ ခရိုင်ပြန်ဆက်ဦးစီးဌာနမှ ဒုတိယဦးစီးမှုး ဒေါ်အေးအေးမာက  Talk Show  ဆွေးနွေပွဲကျင်းပ ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ရှင်းလင်းပြောကြားပြီး  ဟင်္သာတမြို့နယ် စားသုံးသူရေးရာ ဦးစီးမှူး ဦးမိုးကျော်က စားသုံးသူရေးရာ ဦးစီးဌာနနှင့်ပတ်သက်၍ မိတ်ဆက်ဆွေးနွေးပြီး မိမိတို့ဌာန၏ မျှော်မှန်းချက်နှင့် ရည်မှန်းချက်များကို လည်းကောင်း``၂၀၁၉ ခုနှစ် မတ်လကစတင် ပြဌာန်းလိုက်သော စားသုံးသူကာကွယ်ရေး ဥပဒေအရကုန်စည်နှင့် ဝန်ဆောင်မူများကို တိုက်ရိုက်သုံးစွဲသူ ပြည်သူများ၏အခွင့်အရေးနှင့် အကျိုးစီးပွားအတွက်  စားသုံးသူများ ရရှိခံစားရမည့် အကျိုးကျေးဇူးများ၊ သိရှိသင့်သည့် အချက်အလက်များ ´´ စသည့် အကြောင်းအရာများနှင့် ပတ်သက်၍ ပြည်သူများသိရှိစေရန် အသိပညာပေး  ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

ဟင်္သာတခရိုင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ရှိ Community Centre တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနည်းလမ်းများ နှင့်အညီ စာပေဆွေးနွေးပွဲများ အသိပညာပေး Talk Show ပွဲများ စာအုပ်စာစောင်ပြပွဲများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကိုဇော် - ဟင်္သာတ