ရှမ်းရွာသစ်မြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်စွမ်းရည် ပြိုင်ပွဲနှင့် ဘောလုံးဖောက်ပြိုင်ပွဲ ပြုလုပ်

ရှမ်းရွာသစ် ဖေဖော်ဝါရီ ၁၀

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဘောလုံးဖောက်ပြိုင်ပွဲကို ယနေ့ နံနက် (၈)နာရီအချိန်က ပြုလုပ်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရခြင်းမှာ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အားလပ်သည့် အချိန်များ တွင် စာကြည့်တိုက်သို့ လာရောက်၍ စာငှား/စာဖတ်ကြရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိပညာ ဗဟုသုတများ ရရှိစေရန်၊ အခြားဂိမ်းကစားခြင်း၊ ပြိုင်ပွဲများကျင်းပခြင်းများတွင် ပူးပေါင်းပါဝင် ကြစေရန်နှင့် စာကြည့်တိုက်သို့ စဉ်ဆက်မပြတ် ဝင်ထွက်သွားလာတတ်သည့် အလေ့အထ ကောင်းများ ဖြစ်ပေါ်စေရန် ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်းဖြစ်သည်။

အဆိုပါ ပြိုင်ပွဲများသို့ ရှမ်းရွာသစ်မြို့ အ.မ.က ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ ပါဝင် ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲဝင်သည့် ကျောင်းသား/ကျောင်းသူများကို မြို့ဦးစီးမှူးက အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

စောဂျိုးဇက်ဂျူး