ဖောင်းပြင်မြို့နယ်၌ တိုင်းဒေသကြီးအစိုးရရန်ပုံငွေဖြင့် တည်ဆောက်သည့် နန်းမလင်း ချောင်းကူး တံတား ရာနှုန်းပြည့်ပြီးစီး

ဖောင်းပြင် ဖေဖော်ဝါရီ ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ ထောမကျေးရွာနှင့် ကိုင်းပြင်ကျေးရွာနှစ်ရွာကြား နန်းမလင်း ချောင်းကူးတံတားအရှည် ပေ ၁၂၀၊ အကျယ် ၁၄ပေ၊ ခံနိုင်ဝန်အား ၁၃ တန်ရှိ ဘေလီတံတား အား တိုင်းဒေသကြီးအစိုးရရန်ပုံငွေ ကျပ်သန်း(၁၆၀)ဖြင့် မြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနက ကြီးကြပ်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း အဆိုပါဌာနက မြို့နယ်ဦးစီးမှူး ဒေါ်ဟန်နီထွန်း ထံမှ သိရသည်။

ထိုတံတားမှာ ထောမကျေးရွာနှင့် ကိုင်းပြင်ကျေးရွာသို့ ရာသီမရွေး သွားလာနိုင်မည်ဖြစ်ကြောင်း၊ ယင်း ကျေးရွာနှစ်ရွာအပြင် အခြားကျေးရွာ များမှ လယ်ယာထွက်သီးနှံများ ဈေးကွက်သို့ အချိန်မီတင်ပို့နိုင်မည်ဖြစ်ပြီး ဒေသခံများအတွက် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး လုပ်ငန်းများအတွက် များစွာအကျိုးပြုနိုင်မည်ဖြစ်ကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

ကိုထွန်း(ဖောင်းပြင်)