ဆားလင်းကြီးမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ဆားလင်းကြီး  ဖေဖော်ဝါရီ  ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့တွင် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီ၏  လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀နာရီ အချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အစည်းအဝေးတွင် ဆားလင်းကြီး မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းကိုက ဆွေးနွေးပြောကြားရာတွင် ရန်ကုန်မြို့တွင် အိုမီခရွန် စတင်တေွ့ရှိနေပြီဖြစ်၍ မိမိတို့ပတ်ဝန်းကျင်တွင် ရန်ကုန်ပြန်များရှိပါက အကြောင်းကြားပေးရန်နှင့် ကွာရန်တင်းစင်တာ ထားရှိနိုင်ရေးအတွက် လည်း ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း၊ Mask Canpagin ဆောင်ရွက်နိုင်ရန်အတွက် ကော်မတီဝင်များအနေဖြင့် ဝိုင်းဝန်းအကြံပေး ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း၊ ဆားလင်းကြီးမြို့နယ်တွင် ၂၀၂၂ခုနှစ် မေလအတွင်း ကိုဗစ်-၁၉ကာကွယ်ဆေး ၅၀ရာခိုင်နှူန်းထိုးနှံပြီးစီးရေးအတွက် လျာထားသတ်မှတ်၍ ပြည်သူ များအား ပထမအကြိမ်နှင့် ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာရှိ OSS ခန်းမတွင် နေ့စဉ် နံနက် ၈နာရီမှ ၁၂နာရီအထိ ထိုးနှံ ပေးလျက်ရှိကြောင်း  ပြောကြားခဲ့သည်။

ထို့နောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာကြသည့် ကော်မတီများက အိုမီခရွန် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများနှင့်  ကာကွယ်ဆေးထိုးလုပ်ငန်းများ လွယ်ကူလျှင်မြန် အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် ဝိုင်းဝန်းဆွေးနွေး အကြံပြုခဲ့ကြကြောင်း သိရှိရသည်။

 ဥမ္မာခိုင်