ဘားအံ ဖေဖော်ဝါရီ ၉
ကရင်ပြည်နယ် ဘားအံမြို့တွင် ကျောင်းသား/ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေး တိုးတက်မြင့်မားလာစေရန်၊ ပူးပေါင်းဆောင်ရွက် တတ်သည့်အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အားကစား လှုပ်ရှားမှုပြိုင်ပွဲများကို ယမန်နေ့မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင်လူထု အခြေပြုဗဟိုဌာန (Community Centre) ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ ဘားအံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ(တာဝန်ပေး) ဒေါ်ခက်ခက်လွင်က (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အကြို အားကစားလှုပ်ရှားမှုပြိုင်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကိုပြောကြားပြီး အားကစားလှုပ်ရှားမှုဆိုင်ရာ ကစားနည်း ပြိုင်ပွဲများတွင် ရေပေါ်ဘောလုံးမှုတ် ပြိုင်ပွဲ၊ အပ်ထိုးပြိုင်ပွဲ၊ ခုံလုပြိုင်ပွဲနှင့် အကြားစွမ်းရည်ပြိုင်ပွဲများ ပြုလုပ်ပေးခဲ့ရာ ဘားအံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူ (၂၈) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရှိရသည်။
ခရိုင်ပြန်/ဆက်