ဂန့်ဂေါ ဩဂုတ် ၂၇
၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် စားသုံးသူရေးရာဦးစီးဌာနရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိသော ဂန့်ဂေါခရိုင် စားသုံးသူ ရေးရာဦးစီးမှူးရုံး တည်ဆောက်ရေးလုပ်ငန်းမှာ ယခုအခါ ရာနှုန်းပြည့်ပြီးစီး နေပြီဖြစ်ကြောင်း ဂန့်ဂေါမြို့နယ် စားသုံးသူ ရေးရာဦးစီးဌာန တာဝန်ခံ ဒေါ်စိုးယုဆွေထံမှ သိရသည်။
တည်ဆောက်လျက်ရှိသော ခရိုင်စားသုံးသူရေးရာဦးစီးမှူးရုံးမှာ(၅၀x ၃၅x ၂၄)ပေ RCC(၂) ထပ် အဆောက်အအုံဖြစ်ကာ စားသုံးသူရေးရာဦးစီးဌာန ရန်ပုံငွေ(၉၂.၄)သန်းဖြင့် Yaw Brothers Co.,Ltd မှ တာဝန်ယူ၍ (၆-၂-၂၀၂၀)ရက်နေ့မှ စတင်တည်ဆောက်နေခြင်းဖြစ်ပြီး ယခုအခါ ရာနှုန်းပြည့်ပြီးစီး နေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ တည်ဆောက်လျက်ရှိသော ခရိုင်စားသုံးသူရေးရာဦးစီးမှူးရုံး ပြီးစီးမှုအခြေအနေအား ပြီးခဲ့သည့် ရက်သတ္တပတ်က တိုင်းဒေသကြီးစားသုံးသူရေးရာ ဦးစီးမှူးဦးမြင့်ဝင်းနှင့် ပခုက္ကူခရိုင် စားသုံးသူရေးရာ ဦးစီးမှူး ဦးဝေဠုအောင်တို့ လာရောက်ကြည့်ရှုစစ်ဆေးသွားကြောင်း သိရသည်။
ထင်အောင်နိုင်(ဂန့်ဂေါ)