သဘာဝပိုးပြေးဆေး ပြုလုပ်သုံးစွဲနည်းနှင့် ဟင်းသီးဟင်းရွက်မျိုးများ ထောက်ပံ့ပေးအပ်

မြောင်  ဖေဖော်ဝါရီ  ၉

စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ် စိုက်ပျိုးရေးဉီးစီးဌာနမှ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် သဘာဝပိုးပြေးဆေး ပြုလုပ်နည်းနှင့် ဟင်းသီးဟင်းရွက်မျိုးများကို တောင်သူများအား ထောက်ပံ့ပေးခြင်း အခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ရုံးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်ဇင်ထွန်းမှ အဖွင့်အမှာစကား ပြောကြားပြီး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စန်းစန်းဝင်းက သဘာဝပိုးပြေးဆေး ပြုလုပ်သုံးစွဲနည်းနှင့် ဟင်းသီးဟင်းရွက်မျိုးများ ထောက်ပံ့ခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားသည်။ ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက သဘာဝပိုးပြေးဆေး ပြုလုပ်နည်းကို လက်တွေ့ပြုလုပ်ပြသခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက တက်ရောက်လာ တောင်သူများအား ဟင်းသီးဟင်းရွက်မျိုးများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)