ငါးသိုင်းချောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (SputnikLight) (တစ်ကြိမ်သာ ထိုးနှံရသည့်) ကာကွယ်ဆေး ထိုးနှံဆောင်ရွက်ပေးလျက်ရှိ

ငါးသိုင်းချောင်း ဖေဖော်ဝါရီ ၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ အမျိုးသားခန်းမ ကိုဗစ်-၁၉ ရောဂါ ကာ ကွယ်ဆေး ထိုးစုရပ်၌ ယမန်နေ့ နံနက်ပိုင်းက ရုရှားနိုင်ငံထုတ်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (SputnikLight) (တစ်ကြိမ်သာ ထိုးနှံရသော) ကာကွယ်ဆေးကို အသက် ၁၈ နှစ်အထက် ဒေသခံ ပြည်သူများသို့ ထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေး ထိုးနှံဆောင်ရွက်ရာတွင် အသက်(၁၈)နှစ်‌အထက်၊ ကာကွယ်ဆေး တစ်ကြိမ်မျှ မထိုးနှံရသေးသော ဒေသခံပြည်သူများအနေဖြင့် သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံတွင် ကြိုစာရင်းပေးသွင်းခြင်း၊ စာရင်းစိစစ်ကောက်ယူခြင်း၊ သက်ဆိုင်ရာကျန်းမာရေး ဝန်ထမ်းများ၊ မြို့ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ ကြက်‌ခြေနီသူနာပြုတပ်ဖွဲ့တို့မှ ကာကွယ်ဆေးမထိုးနှံမီ ကျန်းမာရေးစစ်ဆေးခြင်း၊ (RDT Test Kit) ဖြင့် ရောဂါပိုးရှိ/မရှိ စစ်ဆေးခြင်း၊ ကာကွယ်ဆေးထိုးနှံပေးခြင်း အစီအစဉ်များကို ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေး ထိုးနှံပေး‌နေမှုအ‌‌ခြေနှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများကို မြို့အဆင့် သက်ဆိုင်ရာကော်မတီများ၊ မြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ လူမှုရေးအသင်းအဖွဲ့ဖြစ်သည့် အာယုပါလဆေးနှင့် သွေးအလှူတော်အဖွဲ့တို့မှ ဒေသ ခံပြည်သူများသို့ ကြိုတင်အသိပေး ကြေညာမှုများ ဆောင်ရွက်လျက်ရှိပြီး ကာကွယ်ဆေးခွဲဝေရရှိမှု အခြေအနေပေါ်မူတည်၍ ဆက်လက်ထိုးနှံပေးမည့် အခြေအနေများကို သက်ဆိုင်ရာမှ ကြိုတင် အသိပေးကြေညာပေးသွားမည်ဖြစ်ကြောင်း၊ ဖေဖော်ဝါရီလ (၇)ရက်နှင့် (၈)ရက်နေ့များတွင် အဆိုပါ (Sputnik Light) (တစ်ကြိမ်သာထိုးနှံရသော) ကာကွယ်ဆေးကို စတင်ထိုးနှံဆောင်ရွက်ပေးလျက်ရှိ ရာ ယနေ့အထိ အဆိုပါကာကွယ်ဆေး ထိုးနှံပြီးစီးသူ ဒေသခံပြည်သူ(၄၀၅)ဦး ရှိပြီဖြစ်ကြောင်း သိရှိ ရသည်။

မြို့(ပြန်/ဆက်)