စေတုတ္တရာ ဩဂုတ် ၂၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်စေရေးနှင့် ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများအား အထောက်အကူဖြစ်စေရန်အတွက် ကိုဗစ်-၁၉ရောဂါကာကွယ်ရေး အသိပညာပေး နှိုးဆော် ခြင်းကို ယမန်နေ့ညနေ(၅)နာရီအချိန်က မြို့ပေါ်ရပ်ကွက်များတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်း ဆောင်ရွက်ရာတွင် မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနှင့် မြို့နယ်မီးသတ် ဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက် ပြန့်ပွားမှုမဖြစ်စေရေးနှင့် ကြိုတင် ကာကွယ်နိုင်ရေးအတွက် မိမိတို့အိမ်အတွင်း၌ သာ (Stay at Home) နေထိုင်ကြရန် မလိုအပ်ပဲအပြင်သို့ လုံးဝမထွက်ကြရန်နှင့် မဖြစ်မနေထွက်ရပါ ကလည်း နှာခေါင်းစည်းများ တပ်ဆင်ပီးမှသာ အပြင်သို့ ထွက်ခွာကြရန်၊ မည်သည့်ကိစ္စမဆို (၃၀)ဦးထက် ပို၍စုဝေးခြင်းမပြုရန်၊ နှာခေါင်းစည်း တပ်ဆင်ခြင်းမပြုဘဲ သွားလာနေမှုအား စစ်ဆေးတွေ့ရှိပါက နှာခေါင်းစည်း တစ်ခုလျှင် ဒဏ်ငွေတစ်ထောင်ကျပ်ဖြင့် ချက်ခြင်း ဝယ်ယူ အသုံးပြု ရမည်ဖြစ်ကြောင်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ရောဂါကာကွယ်ရေးဆိုင်ရာ ထုတ်ပြန် ချက်များကိုလည်း တိကျစွာ လိုက်နာဆောင်ရွက်ကြရန် မြို့ပေါ်ရပ်ကွက်များ၌ အသံချဲ့စက်ဖြင့် လိုက်လံ အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
စည်သူလွင်(ပြန်/ဆက်)