အုတ်တွင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Booster Does ထိုးနှံပေးလျက်ရှိ

အုတ်တွင်း  ဖေဖော်ဝါရီ  ၉

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Booster Does ထိုးနှံခြင်းကို ယမန်နေ့ နံနက် ၉ နာရီမှ စတင်၍ စျေးရပ်ကွက်ရှိ ဘုန်းတော်ကြီး ကျောင်းဝန်း၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Booster Does ကို Covishield နှစ်ကြိမ်ထိုးနှံပြီး (၆) လနှင့် အထက် ရှိသည့် ဝန်ထမ်းများအားလုံးကို ဦးတည်အုပ်စုများအဖြစ် စတင်ထိုးနှံပေးသွား မည်ဖြစ်ကြောင်းနှင့် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံဆောင်ရွက်ပေးလျက်ရှိကာ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက ပူးပေါင်းပါဝင် ကူညီဆောင် ရွက်ပေးပြီး ကာကွယ်ဆေး ထိုးနှံမှုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီနှင့်အဖွဲ့ ဝင်များကလိုက်လံကြည့်ရှု အားပေးစကားပြောကြားခဲ့ကြောင်း၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ကျော်မိုးနှင့် တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရ သည်။

မြို့နယ်(ပြန်/ဆက်)