သဲကုန်း ဖေဖော်ဝါရီ ၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် ၂၀၂၂ ခုနှစ် မတ်လနှင့် ဧပြီလအတွင်း ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူဦးရေ စုစုပေါင်း ၁၁၁၈ ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
သဲကုန်းမြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကို ကျောင်းတွင်းဖြေဆိုသူ ၈၄၂ ဦး၊ ကျောင်းပြင်ပ ဖြေဆိုသူ ၂၇၆ ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၁၁၁၈ ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ပြီး အတွဲ(၁)ဘာသာရပ်တွင် ၉၀၃ ဦး၊ အတွဲ(၂)ဘာသာရပ်တွင် ၁၆ ဦးနှင့် အတွဲ( ၇)ဘာသာရပ်တွင် ၁၉၉ ဦးရှိရာ၊ သဲကုန်းမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပရန် စာစစ်ဌာန ၅ ခုစီစဉ်ထားရှိပြီး ၎င်းစာစစ်ဌာနများမှာ အထက သဲကုန်း၊ အထက ပုတီးကုန်း၊ အထက ဝက်ပုတ်၊ အထက အင်းမနှင့် အထက ဆင်မြီးဆွဲ စာစစ်ဌာနတို့ ဖြစ်ကြောင်း သိရသည်။
ချစ်နှင်းသုန်