နတ်မောက် ဖေဖော်ဝါရီ ၉
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးဆောင်ကြီးမှူး၍ မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ် ကာယစွမ်းရည်ပြိုင်ပွဲ၊ ဉာဏစွမ်းရည် ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၈) နာရီအချိန်ခန့်က နတ်မောက်မြို့ မူလတန်းကြိုကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးသန့်စင်က အဖွင့်အမှာစကား ပြောကြားပြီး နတ်မောက်မူလတန်းကြို ကျောင်းသား/သူ ကလေးသူငယ်များ၏ ကာယစွမ်းရည် ဉာဏစွမ်းရည်များဖြစ်သည့် အပြေးပြိုင်ပွဲ၊ ဘောလုံးလက်ဆင့်ကမ်းပြိုင်ပွဲ၊ အာလူးကောက် ပြိုင်ပွဲ၊ သီချင်းဆို ပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲများ စသည့် ပြိုင်ပွဲများ ကျင်းပခဲ့ပြီး၊ ပြိုင်ပွဲဝင်ကျောင်းသား/သူများအား မြို့နယ်ကလေး သူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာန ဦးစီးမှူးနှင့် သက်ဆိုင်ရာ အကြီးအကဲများမှ ဆုများကို အသီးသီး ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
အခမ်းအနားသို့ မြို့နယ်ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ၊ သက်ဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ နတ်မောက်မူလတန်းကြိုကျောင်း ဆရာ/ဆရာမများ၊ ကျောင်းသား/သူ မိဘများ၊ ကျောင်းသား/သူ ကလေးသူငယ်များ စုံညီစွာ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
လှဝင်း