ပေါက်မြို့နယ်၌ ကိုဗစ်-၁၉ ထိန်းချူပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ပေါက်  သြဂုတ်   ၂၇

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်တွင် ကိုဗစ်-၁၉ ထိန်းချူပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညနေ (၄)နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ရွှေပေါက်ပင်ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားတွင် မြို့နယ် ကိုဗစ်-၁၉ထိန်းချူပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မောင်ကိုတို့ က မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ လတ်တလောအခြေအနေအရ ကူးစက် ပြန့်ပွားမှု ပိုမိုများပြားလာသည့်အတွက် မိမိတို့မြို့နယ်အတွင်း ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများ စေတနာ့ ဝန်ထမ်းများ  မြို့နယ် ကိုဗစ်-၁၉ ထိန်းချူပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များက ဝိုင်းဝန်း ကာကွယ်ထိန်းသိမ်း ပေးကြရန် လိုအပ်ကြောင်း ရှင်းလင်းပြောကြားကြသည်။

ထို့နောက် တက်ရောက်လာကြသော သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများ စေတနာ့ ဝန်ထမ်းများ မြို့နယ် ကိုဗစ်-၁၉ ထိန်းချူပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အဖွဲ့ဝင်များနှင့်အတူ မြို့နယ်အတွင်း ပြည်ပ နိုင်ငံများမှ ပြန်လည်ဝင် ရောက်လာသည့် နေရပ် ပြန်ပြည်သူများ၏ နေထိုင်စားသောက်ရေးအတွက် အဆင်ပြေ စေရေးနှင့် Quarantine အဖြစ် သတ်မှတ်ထားရှိမည့် နေရာများရရှိရေး အသီးသီးအကြံပြုဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။

ဉာဏ်တိုး(ပြန်/ဆက်)