ငရုတ်ကောင်းမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ငရုတ်ကောင်း ဖေဖော်ဝါရီ ၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီတို့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၁ နာရီက ငရုတ်ကောင်းမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခမ်းမ၌ ပြုလုပ်ခဲ့သည်။

အဆိုပါအစည်းအဝေးတွင် ငရုတ်ကောင်းမြို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ မြို့အုပ်ချုပ်ရေးမှူး ဦးညီညီအောင်က ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်(Omicron)ရောဂါပိုး ကူးစက်မှုများ ပြန့်နှံ့လာပြီဖြစ်သဖြင့် ကိုဗစ်-၁၉ ကူးစက်မှု ကာကွယ်ထိန်းချုပ်နိုင်ရေး ဆောင်ရွက်ရန်အတွက် မြို့ဝင်စစ်ဆေးရေးဂိတ်တွင် ခရီးသွားပြည်သူများအား နှာခေါင်းစည်း(Mask)များ မဖြစ်မနေ တပ်ဆင်သွားလာနိုင်ရေးနှင့် ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံထားမှု ကတ်ပြားများပါရှိရေး စစ်ဆေးမှုများ ကြပ်မတ်ဆောင်ရွက်သွားရန် ပြောကြားခဲ့ပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီဝင်များက ဆောင်ရွက်ရမည့် လုပ်ငန်းနှင့်ပတ်သတ်၍ သိရှိလိုသည်များအား တင်ပြဆွေးနွေး ခဲ့ကြောင်း သိရသည်။

ပြုံးမောင်မောင်(ပြန်/ဆက်)