အိမ်မဲမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အရပ်ရပ် အခွင့်အရေးလိုင်စင်များအား စျေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချခြင်း အခမ်းအနားကျင်းပ

အိမ်မဲ   ဖေဖော်ဝါရီ  ၈

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် စည်ပင်သာရေးအဖွဲ့ အစည်းအဝေးခန်းမတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီ၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အရပ်ရပ် အခွင့်အရေးလိုင်စင်များအား စျေးပြိုင်စနစ်ဖြင့်လေလံတင် ရောင်းချခြင်းအခမ်းအနားကို ယနေ့တွင် ကျင်းပခဲ့ကြောင်း သိရသည်။

အိမ်မဲမြို့နယ် စည်ပင်သာယာရေးကော်မတီ၏ ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ် အရပ်ရပ်အခွင့်အရေးလိုင်စင်(၆၆)ခုရှိရာ ယနေ့တွင် လာရောက်လေလံဆွဲ ဝယ်သူ (၂၈)ခုရှိပြီး အဆိုပါ လိုင်စင်(၂၈)ခု၏ ကြမ်းခင်းစျေးမှာ ကျပ်(၂၃၂၁.၃၉)သိန်းဖြစ်၍ စျေးပြိုင်စနစ်ဖြင့် လေလံရောင်းချရငွေမှာ ကျပ်(၂၄၈၁.၈၀)သိန်းရရှိသဖြင့် ကြမ်းခင်းစျေးထက် ကျပ်(၁၆၀.၄၁)သိန်းပိုမိုရရှိကြောင်းနှင့် ကျန်ရှိနေသောလေလံ (၃၈)ခုအား ယခုလ (၁၅)ရက်နေ့တွင် ဒုတိယအကြိမ် ဆက်လက်ရောင်းချမည် ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေး အဖွဲ့ထံမှ သိရသည်။

ချစ်သက်လယ်(အိမ်မဲ)