တောင်တွင်းကြီးမြို့နယ် ယင်းမလည်ချောင်း မြေထိန်းနံရံတည်ဆောက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

တောင်တွင်းကြီး    ဖေဖော်ဝါရီ     ၈

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး၀န်ကြီးဌာန ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မကွေးတိုင်းဒေသ ကြီး တောင်တွင်းကြီးမြို့နယ် ဇီးတောကျေးရွာအုပ်စု ဇီးတောကျေးရွာအနီး ယင်းမလည်ချောင်း ကမ်းပါးပြိုခြင်းမှ ကာကွယ်ရန် အတွက် အလျား(၁၅၀)ပေအား တည်ဆောက်ခြင်းနှင့် အလျား(၃၅၀)ပေအား ကျောက်ကြီးဖြည့်ခြင်း၊ သံခြင်းခက်ခြင်း လုပ်ငန်း များအား တိုင်းဒေသကြီးရန်ပုံငွေ(၈၆.၄၀၀)သန်းဖြင့် ရွှေထူးလျှံကျော်ကုမ္မဏီမှ ဇန်နဝါရီလဆန်းမှစတင်၍ တာ၀န်ယူ တည်ဆောက်လျက်ရှိကြောင်းသိရသည်။

အဆိုပါ တည်ဆောက်ရေးလုပ်ငန်းခွင်သို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးကျော်ခိုင်ထွန်းနှင့် တာ၀န်ရှိသူများက ယနေ့နံနက် (၁၀)နာရီက ရောက်ရှိပြီးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို  ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး တာ၀န်ခံအင်ဂျင်နီယာ နှင့်တွေ့ဆုံ၍ တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး မှာကြားခဲ့ကြောင်းသိရသည်။

နိုင်၀င်း

မြို့နယ် (ပြန်/ဆက်)