သနပ်ပင်မြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲအခမ်းအနားကျင်းပ

သနပ်ပင် ဖေဖော်ဝါရီ  ၈

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင်  ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ (၁၂)ရက်နေ့တွင် ကျရောက်မည့်  (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အထက (သနပ်ပင်)ဇီဇဝါခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် သနပ်ပင်မြို့နယ် ပညာရေးမှူး  ဦးကျော်မြင့်မှ အဖွင့်အမှာစကား ပြောကြားပြီး   အထက (သနပ်ပင်)မှ အထက်တန်းပြဆရာမ ဒေါ်နွဲ့ရီမှ ကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟုသုတများ တိုးပွားစေရန်နှင့် မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ် သမိုင်းအကြောင်းများအား အစဉ်အမြဲ ထိန်းသိမ်းတတ်စေရန် ရည်ရွယ်၍ ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများ၊ (၇၅)မြောက်စိန်ရတု ပြည်ထောင်စုနေ့ အမျိုးသားရေး ဦးတည်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အခမ်းအနားသို့ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လင်းထက်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖ များ၊  ဆရာ၊ ဆရာမများ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

လှမိုး(ပြန်/ဆက်)