စလင်းမြို့နယ် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ပိုက်ကျော်ခြင်း ပြိုပွဲများ ကျင်းပပြုလုပ်

စလင်း ဖေဖော်ဝါရီ ၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကျင်းပသည့်  (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲကို ယနေ့ နေ့လယ် ၃ နာရီအချိန်က ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲကို စလင်းမြို့ အားကစာင်းကွင်းရှိ မိုးလုံလေလုံ အားကစားရုံ၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဗိုလ်လုပွဲသို့ စလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွှမ်းမိုးအောင် တက်ရောက်ခဲ့ပြီး ပြိုင်ပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ ပြိုင်ပွဲတွင် အသုံးပြုရန် ပိုက်ကျော်ခြင်းလုံးအား ပြိုင်ပွဲဝင်အသင်းမှ အောင်သရဖူ ၁ အသင်းနှင့် အောင်သရဖူ ၂ အသင်းတို့ကို ပိုက်ကျော်ခြင်းလုံးပေးအပ်ခဲ့ရာ အသင်းခေါင်း ဆောင်များမှရယူခဲ့သည်။ ထို့နောက် ၇၅ နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်း အမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲကို ကျင်းပရာ ဗိုလ်လုပွဲတွင် အောင်သရဖူ ၁ အသင်းနှင့် အောင်သရဖူ ၂ အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ အောင်သရဖူ ၁ အသင်းမှ ပထမဆုရရှိခဲ့ပြီး ဒုတိယဆုကို အောင်သရဖူ ၂ အသင်းနှင့် တတိယဆုကို မာန်ဟုန် အသင်းတို့မှ အသီးသီးရရှိခဲ့ကာ ဒုတိယဆုကို ပိုက်ကျော်ခြင်းဒိုင်ချုပ် ဦးလှိုင်တင်က ၎င်းပထမဆုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွှမ်းမိုးအောင်က ၎င်း တတိယဆုများရရှိသည့် မာန်ဟုန်အသင်းတို့အား တစ်ဦးခြင်း ဆုတံဆိပ်များနှင့် အတူ ဆုများ ချီးမြှင့်ခဲ့ကာ အမှတ်တရ ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရှိရသည်။

မောင်လွင်