ထန်းတပင် (ပဲခူး) ဖေဖော်ဝါရီ ၈
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူအသင်း (Book Club) အဖွဲ့တို့ပူးပေါင်း၍( Community Centre) ခန်းမတွင် ကျောင်းသား၊ လူငယ်များ စာပေဖတ်ရှု့သည့် အလေ့အကျင့်များရရှိစေရေး၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဆွေးနွေးတတ်သည့် အလေ့အကျင့်များရရှိစေရေး စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်စေရေး၊ မိဘဆရာများအပေါ် ရိုသေကိုင်းရှိုင်း တတ်စေရန် ရည်ရွယ်၍ စာရေးဆရာချစ်နိုင်(စိတ်ပညာ) ရေးသားသည့်'' တန်ဖိုးရှိလှ လူငယ်ဘ၀'' စာအုပ်ဖြင် ့ယနေ့နံနက်ပိုင်းက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းကို စာအုပ်စာစောင် ချစ်မြတ်နိုးသူအသင်း(Book Club) အဖွဲ့၀င် ဦးအောင်ဇင်မျိုးနှင့် အဖွဲ့ဝင်များ၏ စာအုပ်ပါခေါင်းစဉ်များမှ စာဖတ်ခြင်း အကျိုးကျေးဇူး၊ တန်ဖိုးရှိသောစိတ်ကူးများ၊ စေတနာသဘောထား၊ ဘ၀နှင့်ဆန္ဒ၊ ခေါင်းဆောင် ဘာကြောင့်ဖြစ်ချင်ရလဲ စသည့် အကြောင်းအရာများကို တက်ရောက်လာသော စာပေဝါသနာရှင်များ နှင့်အချင်းချင်းအမြင်ခြင်း ဖလှယ်ကာ အပြန်အလှန် ဆွေးနွေး ခဲ့ကြကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)