လသာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ချက်များအား ရပ်ကွက်များအတွင်း ညစဉ်လှည့်လည်ကြေညာပေးလျက်ရှိ

လသာ  သြဂုတ် ၂၇

ရန်ကုန်အနောက်ပိုင်းခရိုင်၊ လသာမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရခြင်းမှ ကာကွယ်နိုင်စေရန်အတွက် အသိပညာ ပေးခြင်း နှိုးဆော်ချက်များအား မြို့နယ်အတွင်းရှိ ရပ်ကွက် များတွင် ညစဉ်လှည့်လည် ကြေညာပေး ခြင်းများကို မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်း၏ ကြီးကြပ်မှုဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဆောင်ရွက်ပေးလျက် ရှိသည်။

ထိုသို့ကြေညာရာတွင် လသာမြို့နယ်အတွင်းရှိ ပြည်သူများအားလုံး နေအိမ်ပြင်ပထွက်ခွာသည့်အခါတိုင်း ပါးစပ်၊ နှာခေါင်းစည်း (Mask) များ တပ်ဆင်သွားလာကြရန်၊ မိမိတို့လက်များအား မကြာခဏ ဆေးကြောကြရန်၊ စျေးများနှင့် စားသောက်ဆိုင်များအားလုံး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ၏ လမ်းညွှန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက် ကြရန်၊ ပြည်ပမှ ဝင်ရောက်လာသူ များရှိ ပါက သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးများ သို့ အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့ကြရန်နှင့် ဒေသန္တရ အမိန့်များကို မလိုက်နာပါက တည်ဆဲဥပဒေများဖြင့် အရေးယူ ခံရမည်ဖြစ်ကြောင်း(Hand Spaeker)များဖြင့် ပြည်သူများ သိရှိနိုင် သည့် ညအချိန်တွင် ကြေညာဆောင်ရွက်ပေး လျက်ရှိ ကြောင်း သိရသည်။

မေသူ (ပြန်/ဆက်)