ကရသူရိ ဖေဖော်ဝါရီ ၈
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့၊ မသေကျေးရွာအုပ်စု၊ ကမ်းတောကျေး ရွာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ အသက်(၁၈)နှစ်နှင့် အထက် ပြည်သူများအား Sinopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် မြို့ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်/စာရေးတို့ ပူးပေါင်းပြီး Sinopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ပထမအကြိမ် ထိုးနှံရန် ကျန်ရှိနေသူများ၊ ဒုတိယအကြိမ် ဆက်လက်ထိုးနှံရမည့်သူများနှင့် အသက်(၁၈)နှစ်နှင့် အထက်ပြည်သူများအား သတ်မှတ်ရက်အတွင်း ကာကွယ်ဆေးထိုးနှံနိုင်ရေး ကွင်းဆင်း ဆောင်ရွက်ခြင်းဖြစ်ပြီး အိုမီခရွန်ကိုဗစ်-၁၉ ရောဂါ အကြောင်းနှင့် ရောဂါကြိုတင်ကာကွယ်ရေး နည်းလမ်းများကို အသိပေးပြောကြားခဲ့ကြောင်း သိရသည်။
ကရသူရိ(ပြန်/ဆက်)