လှိုင်းဘွဲမြို့နယ်ကော့ဝန်းကျေးရွာတွင် (၇၅) ကြိမ်မြောက် ပရိယတ္တိစာပြန်ပွဲနှင့် ဓမ္မစကြာရွတ်ဖတ်ပူဇော်ပွဲ အထိမ်းအမှတ် အထူးတရားပွဲ ကျင်းပမည်

လှိုင်းဘွဲ ဖေဖော်ဝါရီ၈

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကော့ဝန်းကျေးရွာတွင် မြို့နယ်သာသနဝေပုလ္လအသင်းကြီး၏ (၇၅) ကြိမ်မြောက် ပရိယတ္တိစာပြန်ပွဲနှင့်ဓမ္မစကြာရွတ်ဖတ်ပူဇော်ပွဲ အထိမ်းအမှတ်အဖြစ် အထူးတရားပွဲ ဓမ္မပူဇာ သဘင်ကို ကော့ဝန် ကျောင်းတိုက်၌ ဖေဖော်ဝါရီလ(၁၃)ရက်နေ့မှ(၁၅)ရက်နေ့အထိ (၃) ရက်ကြာ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ အထူးတရားပွဲ ဓမ္မပူဇာသဘင်ကို ဖေဖော်ဝါရီလ(၁၃)ရက်နေ့တွင် မဲဆမိတ်ကျောင်း ဆရာတော် ဘဒ္ဒန္တ စန္ဒရက လည်းကောင်း၊ ဖေဖော်ဝါရီလ(၁၄)ရက်နေ့တွင် သစ်တံခါးကျောင်းဆရာတော် မဟာသဒ္ဓမ္မ ဇော်တိက ဘဒ္ဒန္တ မဏိဇောတကလည်းကောင်း၊ ဖေဖော်ဝါရီ(၁၅)ရက်နေ့တွင် ဘားအံမြို့ တောင်ကလေး ပရိယတ္တိစာသင်တိုက်၊ ပဋိပတ္တိသာသနာ့အေးရိပ်သာ၊ တောင်ကလေးကျောင်းဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဘဒ္ဒန္တ ဒေါက်တာ ပညာသာမိတို့က တရားတော်များကို ဟောကြားသွားမည်ဖြစ် ကြောင်း သိရှိရသည်။

စောဒိ(ပြန်/ဆက်)