မြို့သစ် ဖေဖော်ဝါရီ ၈
မကွေးခရိုင်၊ မြို့သစ်မြို့ရှေးဟောင်း သမိုင်းဝင်လှိုင်နံ့သာစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို စေတီတော်မြတ်ဂေါပကအဖွဲ့က ကြီးမှူး၍ ဗုဒ္ဓပူဇာ၊ ဓမ္မပူဇာ၊ သံဃာ့ပူဇာ အစီ အစဉ်များဖြင့်ကျင်းပသွားမည်ဖြစ်သည်။
လှိုင်နံ့သာစေတီတော်ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲကို ၁၃၈၃ ခု တပို့တွဲလဆန်း ၁၄ ရက်၊ ဖေဖော်ဝါရီ ၁၄ရက်နံနက်တွင်ဗုဒ္ဓဘိသေကအနေကဇာတင်ပွဲနှင့် မဟာပဋ္ဌာန်း ကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲကျင်းပမည်ဖြစ်ပြီး တပို့တွဲလပြည့်နေ့ ဖေဖော် ဝါရီ ၁၅ ရက် မွန်းလွဲ ၁ နာရီတွင် မဟာပဋ္ဌာန်းသိမ်းအောင်ပွဲ အထိမ်းအမှတ် ဆွမ်းဆန်စိမ်းလောင်လှူပွဲကြီးကို ပင့် သံဃာ တော် အပါး( ၁၀၀) ကျော်ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
သန်းဝင်းထွန်း(ပြန်ဆက်)