မြို့တွင်း မြို့ပြင် သန့်ရှင်းလှပစေရေး လိုက်လံစစ်ဆေး

မင်းဘူး ဖေဖော်ဝါရီ ၈

မင်းဘူး(စကု)မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်မြင့်နှင့် အဖွဲ့ဝင်များသည် မြို့တွင်း မြို့ပြင် သန့်ရှင်းလှပစေရေးနှင့် လမ်းဘေးဝဲယာ ခြုံနွယ်ပိတ်ပေါင်း မြက်ပင်နှင့် အမှိုက်သရိုက် ကင်းစင်ရေးတို့အတွက် လိုက်လံစစ်ဆေးခြင်းကို ယမန်နေ့က စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ စစ်ဆေးရာတွင် ထနောင်းတော၊ ပေကုန်း၊ ဦးယျာဉ်ဇင်၊ ရေပုတ်၊ ဇရပ်ကြီးကျေးရွာများနှင့် ဆင်ခေါင်း၊ ကုန်းသာ၊ ကန်ရေ၊ ရွာမကန်ကျေးရွာများအပြင် မင်းဘူးမြို့ အမှတ် ၁၊ ၂၊ ၃၊ ၄ ရပ်ကွက်များမှ လမ်းဘေးဝဲယာရှိ အမြင်မတော်သည့် အမှိုက်သရိုက်နှင့် အညစ်အကြေးများကို သက်ဆိုင်သည့် ရပ်ကွက်နှင့် ကျေးရွာများသို့ ရှင်းလင်းဆောင်ရွက်စေခဲ့သည်။

အဆိုပါ ဆောင်ရွက်မှုတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊   မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ လမ်းဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စသော စီမံအဖွဲ့ဝင်များမှ ကြပ်မတ်ကြည့်ရှု စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဇေယျာထက်(မင်းဘူး)