အင်ဂျန်းယန် သြဂုတ် ၂၇
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ အင်ဂျန်းယန်မြို့နယ်၏ ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ပထမအကြိမ် မဲစာရင်းကြေညာထားမှုအပေါ် မဲဆန္ဒရှင်များ၏ ပုံစံ(၃)ဖြင့် တောင်းဆိုမှု၊ ပုံစံ(၄)ဖြင့်ကန့်ကွက်မှု၊ ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်လွှာ တင်သွင်းမှုများကို မြို့နယ်မဲစာရင်းစိစစ်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ စိစစ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ထိုသို့ စိစစ်ဆောင်ရွက်လျက်ရှိရာ မဲဆန္ဒရှင်များ၏ တင်ပြချက်များနှင့်အညီ ဖြည့်စွက်၊ ပြင်ဆင်၊ ပယ်ဖျက်ခြင်း များကို ပြည့်စုံမှန်ကန်သည့် မဲစာရင်းများဖြစ်စေရန်အတွက် ယခင်မူလ မဲဆန္ဒရှင်များ ပါ/မပါ၊ ပုံစံ(၃)ဖြင့် ပြန်လည် ဖြည့်သွင်းသော အရေအတွက် ပုံစံ(၄)ဖြင့် ပယ်ဖျက်သော အရေအတွက် မှန်/ မမှန်၊ အချက်အလက် မှားယွင်းသဖြင့် တင်သွင်းသည့် ပုံစံ(၄-ဂ) များကို စိစစ်ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျော်စိုးနိုင်(ပြန်/ဆက်)