ဆားလင်းကြီး ဖေဖော်ဝါရီ ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်တွင် ပထမအကြိမ်ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းနှင့် ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံရန်ကျန်ရှိနေသည့် ပြည်သူများအား ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၈နာရီအချိန်က စတင်၍ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရှိ OSS ခန်းမတွင် မြို့နယ် ဆရာဝန်ကြီး၏ ကြီးကြပ်မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။
ထိုသို့ ကိုဗစ်-၁၉ကာကွယ်ဆေး ထိုးနှံပေးရာတွင် ကာကွယ်ဆေးလာရောက်ထိုးနှံသူများကို ကာကွယ်ဆေးမထိုးမီ ကိုယ်အပူချိန်တိုင်းတာခြင်း၊သွေးပေါင်ချိန် တိုင်းတာခြင်းနှင့်ကာကွယ်ဆေးထိုး မှတ်တမ်းရေးသွင်းခြင်းများ ပြုလုပ်ပြီးနောက် ကိုဗစ်-၁၉ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ ထိုးနှံပေးခဲ့ရာ ဖေဖော်ဝါရီ ၇ ရက်နေ့တွင် ပထမအကြိမ်ကာကွယ်ဆေး ထိုးနှံသူ ပြည်သူ (၂၀)ဦးနှင့် ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံသူ ပြည်သူ(၂၇)ဦး စုစုပေါင်း(၄၇)ဦး လာရောက် ထိုးနှံခဲ့ကြောင်း သိရှိရသည်။
ကာကွယ်ဆေးထိုးနှံပေးနေမှု အခြေအနေများကို မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များက ကြီးကြပ် ဆောင်ရွက် ပေးလျက် ရှိကြောင်း သိရှိရသည်။
ဥမ္မာ