ကော့သောင်း ဖေဖေါ်ဝါရီ ၈
ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ကော့သောင်းမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်မှုလုပ်ငန်း စည်းကမ်း ချက်များနှင့်အညီ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ကော့သောင်းမြို့နယ်၊ ချမ်းဖန်း ကျေးရွာအုပ်စု၊ မပုတေး ကျေးရွာအတွင်း ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်းသိရသည်။
လက်ရှိကူးစက်ဖြစ်ပွားလျက်ရှိသည့် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေး ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်အကြံပြုချက်များ နှင့်အညီ ကော့သောင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာ ကော့သောင်းမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက အသက်(၁၀)ပြည့်ပြီး မိသားစုဝင်များ၊ နှင့်အသက်(၁၈)နှစ်ပြည့်ပြီးသူများ၊ အကြောင်းအကြောင်းကြောင့် နိုင်ငံသားကတ်ပြား ပျောက်ဆုံးပျက်စီးသူများ၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားများပြုလုပ်ရန် ကျန်ရှိသေး သူများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများအား ပန်းခင်းစီမံချက်ဖြင့် (၁၈) လကြာ အချိန်ယူကာ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ ဆောင်ရွက်မှုအဖြစ် ကျေးလက်ဒေသ တစ်ခုဖြစ်သည့် မပုတေးကျေးရွာ ကျေးလက်ပြည်သူများအား ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ကျော်စိုး