မင်းဘူး ဖေဖော်ဝါရီ ၈
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့ အထွေထွေအုပ်ချုပ်ရေးအစည်းဝေးခန်းမတွင် ကိုဗစ်ကော်မတီဝင်များ ညှိနှိုင်းစည်းဝေးကျင်းပခြင်းကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အစည်းဝေးတွင် မင်းဘူး(စကု)မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်မြင့်က ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် Phase-7 ပထမအကြိမ် ထိုးနှံခြင်းနှင့် ဒုတိယအကြိမ် ကျန်ရှိသူများကိုပါ မင်ဘူးဦးဩဘာသခန်းမ၊ စကုမြို့ ကန်ဦးသဘာဝ တရားရိပ်သာ၊ အိုင်းမ၊ မုန်တောင်နှင့် နန်းတော်ကုန်းကျေးရွာတို့တွင် ထိုးနှံပေးသွားမှာဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှုများ ရှိလာကြသလို အိုမီခရွန်ရောဂါသည်လည်း အချို့နေရာဒေသများတွင် ရောက်ရှိလာပြီဖြစ်သောကြောင့် ပေါ့ပေါ့ဆဆ မနေကြဘဲ ကျန်းမာရေး အသိ ကျန်းမာရေးသတိဖြင့် နေထိုင်သွားကြရန်တို့ကို ပြောကြားပြီး ကျန်းမားရေးဌာနအနေနဲ့ ရွှေစက်တော်လှေတင်ဂိတ်တွင် ဘုရားဖူးလာ ပြည်သူများအား RDT (Test Kits)ဖြင့် ကျန်းမာ ရေး စစ်ဆေးဆောင်ရွက်သွားရမှာဖြစ်ပြီး ရပ်ဝေးမှ ဘုရားဖူးလာပြည်သူများ တည်းခိုးနားနေ မည့် တည်းကျောင်း ၁၀ လုံးအား တစ်ပတ်လျှင်တစ်ကြိမ် ပိုးသတ်ဆေး ဖျန်းခြင်းလုပ်ငန်းများလည်း ပြုလုပ်ကြရမှာဖြစ်ကြောင်းတို့ကို ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသော ကိုဗစ်ကော်မတီဝင်များက အသီးသီးတင်ပြကြရာ ထိုသို့တင်ပြလာမှုအပေါ် မြို့နယ်ကိုဗစ်ကော်မတီဥက္ကဋ္ဌ ဦးတင်မြင့်က ပေါင်းစပ်ညှိနှိုင်း၍ ဖြေရှင်းဆောင်ရွက် ဆွေးနွေးခဲ့ကြောင်းသိရသည်။
ဇေယျာထက်(မင်းဘူး)