ပုလောမြို့နယ် ခန္တီကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

ပုလော  ဖေဖော်ဝါရီ   ၈

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပုလောမြို့နယ်ရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယမန်နေ့ နံနက်ပိုင်းက ခန္တီကျေးရွာ ၌ ကွင်းဆင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ပုလော မြို့နယ် လဝက ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးအောင်ကိုဦး က ပန်းခင်းစီမံချက်ဆိုင်ရာ အကြောင်း အသိပညာပေးဆွေးနွေး၍ လက်ကမ်း စာစောင်များကို အခမဲ့ဖြန့်ဝေပြီး၊ မြို့နယ် လဝက ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ အသက် (၁၀) နှစ်ပြည့် နိုင် ၃(က) (၃၀)ဦး၊ အသက်(၁၈)နှစ်ပြည့် နိုင် ၆(က)(၂၀)ဦး၊ လဲလှယ်(၂၅)ဦး၊ မိတ္တူ(၃၈)ဦး၊ စုစုပေါင်း (၁၁၃)ဦး အား ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အေးအေးမော် (ပုလော)