ရေနံချောင်း ဖေဖော်ဝါရီ ၈
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ ၂၀၂၂ ခုနှစ်ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် ပျော်ပွဲရွှင်ပွဲများအဖြစ် အားကစားပြိုင်ပွဲများ ထည့်သွင်း ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးရဲလင်းအောင်က (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အခမ်းအနားကျင်းပရေး ကော်မတီဝင်များက စနစ်တကျဆောင်ရွက်ကြရန်၊ ပျော်ပွဲရွှင်ပွဲများ အနေဖြင့် ပိုက်ကျော်ခြင်း ပြိုင်ပွဲများနှင့် ဖူဆယ်ဘောလုံးပြိုင်ပွဲများအပြင် အခြားအားကစားပြိုင်ပွဲများ ထည့်သွင်းကျင်းပနိုင်ရေးအတွက် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းဆောင်ရွက် သွားကြရန် ရှင်းလင်းပြော ကြားပြီး ယခုအခါ ကိုဗစ်ပိုးတွေ့လူနာများ မြို့နယ်အတွင်း ပြန်လည်တွေ့ရှိလာရသည့်အတွက် နှာခေါင်းစည်း တပ်ဆင်ခြင်း၊ လက်ဆေးခြင်းများနှင့် ကိုဗစ်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် ထည့်သွင်း ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အခမ်းအနားကျင်းပရေး ကော်မတီဝင်များက လုပ်ငန်းအလိုက် ဆောင်ရွက် သွားမည့် အခြေအနေများကို ပြန်လည်ရှင်းလင်း တင်ပြကြသည်။
အဆိုပါ အစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၁) ဗိုလ်မှူးသန်းဌေးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် အာကစာပြိုင်ပွဲကျင်းပရေး ကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)