ကရင်ပြည်နယ်၊ ရှမ်းရွာသစ်မြို့၊ ကွမ်းတောကျေးရွာလမ်းပေါ်တွင် ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

ရှမ်းရွာသစ်  ဖေဖော်ဝါရီ  ၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် အများပြည်သူများ သွားလာမှုလွယ်ကူစေရေး ကုန်စည်စီးဆင်းမှု မြန်ဆန်‌စေရေး၊ မြို့သာယာလှပ‌ရေးနှင့်‌ ဒေသ‌နေပြည်သူများ သွားလာမှု အဆင်‌ပြေစေရေးအတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးရန်ပုံငွေဖြင့် ၂၀၂၁-၂၀၂၂ဘဏ္ဍာရေးနှစ် ပထမအကြိမ် ရှမ်းရွာသစ်မြို့‌ မြို့ပေါ် ရပ်ကွက် များနှင့် ကျေးရွာ များတွင် ဒေသဖွံ့ဖြိုး‌ရေးလုပ်ငန်းများ‌ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ရှမ်းရွာသစ်မြို့ ကွမ်းတောကျေးရွာလမ်း‌ပေါ်တွင် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းကို ဇန်နဝါရီလ ပထမအပတ်တွင် စတင်အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီး ဖြစ်ကြောင်း သိရသည်။

အဆိုပါလမ်းသည် (၅၀၀ပေx၁၂ပေx၆လက်မ)ရှိပြီး ၂၀၂၁-၂၀၂၂ခု ဘဏ္ဍာ‌ရေးနှစ် (ပထမအကြိမ်) ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင်ဆင်းရဲမှုလျှောချ‌ရေး ရန်ပုံငွေ(၄၉)သိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့လုပ်ငန်း ဆောင်ရွက်ရာတွင် သတ်မှတ် ကာလအတွင်း အချိန်မီ ပြီးစီးနိုင်ရေးအတွက် ရှမ်းရွာသစ်မြို့ မြို့အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက် ကျေးရွာတာဝန်ရှိသူတို့မှ ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ယင်းလုပ်ငန်းများ ပြီးစီးမှုကြောင့် ဒေသနေပြည်သူများ၏ လူနေမှုဘဝနှင့်သွား‌ရေးလာ‌ရေးအတွက် အဆင်‌ပြေ လွယ်ကူ‌ လာပြီးဖြစ်ကြောင်း သိရှိရပါသည်။

စောဂျိုးဇက်ဂျူး