တနင်္သာရီမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ မြို့နယ်ဌာနဆိုင်ရာများနှင့် ညှိနှိုင်းဆွေးနွေးပွဲ ပြုလုပ်

တနင်္သာရီ ဖေဖော်ဝါရီ ၇

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့မှမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဦးစီးမှူးများနှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲအား ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက် ၁၀ နာရီ မှ ၁၂ နာရီအချိန်အထိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမအတွင်း ပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးနိုင်နှင့်အဖွဲ့ဝင်များ၊ မောတောင်မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ထိုက်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ ဦးစီးမှူးများ တက်ရောက်ခဲ့ကြသည်။

ညှိနှိုင်းဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးနိုင်က မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက် ရာတွင် ဌာနဆိုင်ရာ အချင်းချင်း အပြန်အလှန်ပူးပေါင်းရန်လိုကြောင်း၊ (၇၅)နှစ်မြောက်၊ စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖေဖော်ဝါရီလ(၁၀)ရက်နေ့မှာ တနင်္သာရိမြို့၏ ကျက်သရေဆောင် မင်္ဂလာကန်တော်အား စုပေါင်းသန့်ရှင်းရေး ပြုလုပ်မည် ဖြစ်ကြောင်း၊ စိန်ရတုပြည် ထောင်စုအထိမ်းအမှတ် (TSDP)ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ရန် အစီအစဉ်များ၊ မိမိဌာနမှဝန်ထမ်းများအား နိုင်ငံတော်မှ သတင်းထုတ်ပြန်ချက် အပေါ်  ပါဝင်ပတ်သက်ခြင်းမရှိအောင် ထပ်ဆင့်သတိပေးထားရန်လိုကြောင်း၊ ကျန်းမာရေး ဝန်ထမ်း၊ ရဲတပ်ဖွဲ့၊ ပညာရေးနှင့်ဌာနဆိုင် ရာဝန်ထမ်းများအား ကိုဗစ်ကာကွယ်ဆေး (Booster) ထပ်ဆောင်းထိုးနှံပေးရာတွင် မကျန်ရှိစေရေးနှင့်အရပ်ဘက် မှအသက်(၁၈)နှစ် ပြည့်ပြီး သူများအား ဆေးထိုးနှံပြီးစီးမှု(၆၄%)သာ ရှိသေးသဖြင့် ယခုအား ထည့်ဆောင်ရွက်ရန် လိုကြောင်း၊ ၂၀၂၃ ခုနှစ်မှာ ဆန္ဒမဲပေးနိုင်ရေးအတွက် ယခုအခါ မြို့နယ်(လဝက)ရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားကတ်နှင့်အိမ်ထောင်စုများ ပြုလုပ်ပေးနေသဖြင့် မိမိဝန်ထမ်းများ မကျန်ရှိစေရေး၊ ကိုဗစ်ရောဂါမျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုး ကူးစက်ပျံ့နှံ့မှုမှ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဖေဖော်ဝါရီ(၁၀)ရက်မှစ၍ မြို့အဝင်/အထွက် တနင်္သာရီတံတားဂိတ်နှင့်မောတောင်မြို အဝင်ဂိတ်ကို ပြန်လည်ဖွင့်လှစ်၍ ခရီးသွားပြည်သူများအား ကိုဗစ်ကာကွယ်ဆေး ထိုးနှံပြီးကြောင်း အထောက်အထား ပါ/မပါစစ်ဆေးခြင်းကို နေ့စဉ်အလှည့်ကျ ဌာနဆိုင်ရာဦးစီးမှူးများက ပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ Quarantine Centre/ Positive Centre/ ကုသရေးနေရာများကိုလည်းကြိုတင် ပြင်ဆင်ထားရန်လိုကြောင်း၊ အထူးသဖြင့် ဈေးဆိုင်ရောင်းချသူများကို Mask တပ်စေ၍ ကိုဗစ်ကာကွယ်ဆေး မထိုးနှံသေးသူများကို ဆိုင်ရောင်းချခွင့် မပြုဘဲ ဆိုင်ပိတ်ထားရန်လိုကြောင်း၊ ကိုဗစ် ကာကွယ်ရေး လမ်းညွှန်ချက်များအား မလိုက်နာသူများကို အရေးယူမှုများ ပြုလုပ်ရန်လိုကြောင်း၊ စိန်ရတုပြည်ထောင်စုနေ့ သဝဏ်လွှာဖတ်ပွဲအခမ်းအနားသို့ ဝန်ထမ်းများအားလုံး မပျက်မကွက် တက်ရောက်ကြရန်နှင့် ဌာနဆိုင်ရာ ဦးစီးမှူးများကလည်း မိမိဌာနမှ ဆောင်ရွက်နေဆဲ ဆောင်ရွက်မည့်လုပ်ငန်းများ၊ ညှိနှိုင်းဆောင်ရွက်ပေးရမည့်လုပ်ငန်းများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးကြစေလိုကြောင်း လမ်းညွှန်အမှာစကား ပြောကြားသည်။

ယင်းနောက် မောတောင်မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ထိုက်နှင့် တက်ရောက်လာသည့် ဌာနဆိုင်ရာဦးစီးမှူးများက ဌာနအလိုက်ဆောင်ရွက်မည့် အစီအစဉ်များကို ပြန်လည်တင်ပြ ဆွေးနွေးရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးအေးနိုင်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးကြောင်း သိရှိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)