(၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား ဖူဆယ်ဘောလုံးပြိုင်ပွဲ ကျင်းပ

အိမ်မဲ ဖေဖော်ဝါရီ ၇

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကျင်းပသည့် (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို မြို့မလူငယ်လေ့ကျင့်ရေး ဘောလုံးကွင်း (သဲကွင်း)အနီးရှိ Happy ဖူဆယ်ဘောလုံး ကွင်း၌ ယနေ့မွန်းလွဲ ၁ နာရီတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါဖွင့်ပွဲတွင် အိမ်မဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးခိုင်ထွန်းဇော်က ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက် များကို ပြောကြားခဲ့သည်။

ဆက်လက်ပြီးမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အဆိုပါပြိုင်ပွဲတွင်အသုံးပြုရန် ဖူဆယ်ဘောလုံးအားပေးအပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက လက်ခံရယူခဲ့သည်။

ဆက်လက်ပြီး(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလားဖူဆယ်ဘောလုံးပြိုင်ပွဲ ကျင်းပရာ ထွေ/အုပ် (ခ)အသင်းနှင့် ကျန်းမာရေးအသင်းတို့ ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

(၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား ဖူဆယ်ဘောလုံးပြိုင်ပွဲကို အသင်း (၈)သင်းပါဝင်ယှဉ်ပြိုင်မည် ဖြစ်ပြီးဗိုလ်လုပွဲစဉ်ကို ဖေဖော်ဝါရီလ (၁၂)ရက်နေ့နံနက် ၈ နာရီတွင် ကျင်းပမည်ဖြစ်ကာ ဆုရရှိသည့်အသင်းများကိုပါ ဆုများချီးမြှင့် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ချစ်သက်လယ်(အိမ်မဲ)