မြဝတီမြို့၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ကျပန်း/ပန်းချီနှင့် စာစီစာကုံးပြိုင်ပွဲများကျင်းပ

မြဝတီ ဖေဖော်ဝါရီ   ၇

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  မြို့နယ်အဆင့် အခြေခံပညာအထက်တန်းကျောင်းပေါင်းစုံ ကျပန်း/ပန်းချီနှင့်စာစီစာကုံးပြိုင်ပွဲများကို အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ယနေ့နံနက် ၁၀ အချိန်က    ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ အခမ်းအနားတွင်  အကဲဖြတ်အမှတ်ပေးဒိုင်လူကြီးများက ပြိုင်ပွဲနှင့်ပတ်သက်သည့်  အမှတ်ပေး စည်းမျဉ်းစည်းကမ်းများကို ပြောကြားသည်။

ဆက်လက်၍ (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ မြို့နယ်အဆင့်ကျပန်းစကားပြောပြိုင်ပွဲတွင် အခြေခံပညာ ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ(၄)ဦးက  ပြည်ထောင်စုနေ့နှင့် ပတ်သက်သည့် ကျရာခေါင်းစဉ်များဖြင့် ပါဝင်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေး မှူးဦးစိုးတင့်နှင်သက်ဆိုင်ရာ တာဝန်ရှိသူများက တက်ရောက်ကြည့်ရှု အားပေးသည်။

ထို့နောက်   ပန်ချီးပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲများကိုလည်း ဆက်လက်ကြည့်ရှုအားပေးပြီ ပြိုင်ပွဲ  ဆု ရကျောင်းသား/ကျောင်းသူများအား (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကျင်းပရာ အခမ်း အနားတွင် ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

မန်းသန်းရွှေမြင့်(ပြန်/ဆက်)