မြဝတီမြို့၌ ကျောင်းသား/ကျောင်းသူများအား ပိုလီယိုရောဂါကာကွယ်ဆေးတိုက်ကျွေး

မြဝတီ ဖေဖော်ဝါရီ   ၇

ကရင်ပြည်နယ်၊ မြဝတီမြို့တွင်  ကျောင်းသား/ကျောင်းသူများအား ပိုလီယိုရောဂါ ကာကွယ်ဆေးတိုက် ကျွေးခြင်းကို ယနေ့နေ့လည် (၁၁)နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်သည်။

အသက်(၅)နှစ်နှင့် (၁၅)အကြား ကျောင်းသား/ကျောင်းသူများကို ပိုလီယိုရောဂါ ကြိုတင်ကာကွယ်ရန် ရည်ရွယ်ချက်ဖြင့် မြို့အတွင်းရှိ ကျောင်းများအား အလှည့်ကျတိုက်ကျွေးခြင်း ဖြစ်သည်။

အဆိုပါ ပိုလီယိုရောဂါကာကွယ်ဆေးတိုက်ကျွေးခြင်းကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ် ရေးမှူးဦးစိုးတင့်နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူးဦးသက်လွင်တို့က လာရောကြည့်ရှုစစ်ဆေးပေးပြီး လိုအပ်သည်များကိုလည်း ပါဝင်ပေါင်း စပ်ဆောင်ရွက်ပေးပြီး ပိုလီယိုရောဂါကာကွယ်ဆေးတိုက်ကျွေးရန်ကျန်ရှိသည့် အခြေခံပညာကျောင်းများ ကိုလည်း ဆက်လက်တိုက်ကျွေးသွားမည်ဖြစ်ကြောင်း သိရသည်။

 ခရိုင်(ပြန်/ဆက်)