အမာမြို့၊ မူလတန်းကြိုကျောင်း၌ မြန်မာကလေးများနေ့အထိမ်းအမှတ် ကာယစွမ်းရည်ပြိုင်ပွဲ ကျင်းပ

အမာ ဖေဖေါ်ဝါရီ ၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အမာမူလတန်းကြို ကျောင်း၌ မြန်မာကလေးများနေ့အထိမ်းအမှတ် ကာယစွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက်(၈)နာရီ အချိန်တွင် စတင်ကျင်းပခဲ့ကြောင်း သိရသည်။

လူမှုဝန်ထမ်းဦးစီးဌာန၊ အမာမူလတန်းကြိုကျောင်း၌ မြန်မာကလေးများနေ့အထိမ်းအမှတ် ကာယစွမ်းရည်ပြိုင်ပွဲတွင် အလံဆက်ပြိုင်ပွဲ၊ အပြေးပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ ပူစီဖောင်း ဖောက်ပြိုင်ပွဲ၊ မုန့်စားပြိုင်ပွဲ၊ ခုံလုပြိုင်ပွဲများ ကျင်းပပေးခဲ့ကြောင်း သိရသည်။

အဆိုပါ မူကြိုကလေးငယ်များ၏ ကာယစွမ်းရည်ပြိုင်ပွဲသို့ အမာမြို့၊ မြို့အုပ်ချုပ်ရေးမှူး၊ ပြန်/ ဆက်ဦးစီးမှူး၊ မူလတန်းကြိုကျောင်း၊ ကျောင်းအုပ်ဆရာမကြီးနှင့် မြို့မ(၁)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးတို့မှ တက်ရောက်ခဲ့ပြီး ဆုရရှိသူကလေးငယ်များအား ဆုများချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

အမာ(ပြန်/ဆက်)