ကြံခင်း ဖေဖော်ဝါရီလ ၇
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နံနက်(၁၀)နာရီ အချိန်ကစားသုံးသူရေးရာ အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာပေး ဟောပြောခြင်းကို ကြံခင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ (တာဝန်ခံ) ဦးကျော်နိုင်ဝင်းက ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းအားလည်းကောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်ရှိမှု၊ ပြုပြင်မွမ်းမံပြီး/ပြုပြင်ပြောင်းလဲပြီးရောင်းချမှု၊ နစ်နာဆုံးရှုံးမှု ဖြစ်နိုင်ခြင်း၊ ကုန်စည်အုပ်စုနှင့် လုပ်ငန်းသုံးပစ္စည်းများနှင့် ကုန်ညွှန်းအမှတ်အသားဆိုင်ရာအချက်များကို အသိပညာပေးပြောကြားပါသည်။
ဟောပြောပွဲသို့ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံဦးကျော်နိုင်ဝင်း၊ စီးပွားရေးလုပ်ငန်း ရှင်ပြည်သူများ တတ်ရောက်ကြကြောင်းနှင့် တတ်ရောက်လာသူများအား စားသုံးသူရေးရာအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မိုးမိုး(ပြန်/ဆက်)