ကျွန်းလှ၌ (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို စာစီစာကုံး၊ ကဗျာပြိုင်ပွဲ ကျင်းပ

ကျွန်းလှ  ဖေဖော်ဝါရီ  ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း (ကျွန်းလှ) ခန်းမ၌ ကျင်းပကြောင်း သိရသည်။

“အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင်” မျိုးရိုးအစဉ်အလာ ဂုဏ်ရှိန်ဝါ စိန်ရတုပြည်ထောင်စုစိတ်ဓာတ်ဖြင့် ထိန်းသိမ်းပါ” ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်သူ ၈ ဦးနှင့် ကဗျာပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ ၄ ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း၊ ဖေ‌ဖော်ဝါရီ ၈ ရက်နေ့တွင် ကျပန်း စကားပြောပြိုင်ပွဲ ကျင်းပသွားမည်‌ဖြစ်ကြောင်း ကျောင်းအုပ် ဆရာမကြီး ဒေါ်အေးအေးစိုးထံမှ သိရသည်။

အဆိုပါ စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကျင်းပ‌နေခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူး၊ မြို့နယ်ပညာရေးမှူး ဦးမြင့်လွင်နှင့် တာဝန်ရှိသူတို့က ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ