ထီးချိုင့်မြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် U-13 ဂိုးကျဉ်းဘောလုံးပြိုင်ပွဲ ကျင်းပ

ထီးချိုင့် ဖေဖော်ဝါရီ

စစ်ကိုင်းတိုင်းဒေသကြီး  ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင်  (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် အမျိုးသားအလွတ်တန်း U-13 ဂိုးကျဉ်းဘောလုံးပြိုင်ပွဲကို ယမန်နေ့က စတင်ကျင်းပခဲ့သည်။

ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဦးမင်းထက်က မြန်မာအားကစားတိုးတက်မြင့်မားရေးနှင့် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်းနှင့် အားကစားသမားများအနေဖြင့်လည်း အားကစားစိတ်ဓာတ်အပြည့်အဝနှင့် သန့်ရှင်းစွာချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံး ယှဉ်ပြိုင်ကြရန် ပြောကြားသည်။

အဆိုပါဘောလုံးပြိုင်ပွဲကို အသင်း()သင်းဝင်ရောက်ပါဝင်ပြီး ဖေဖော်ဝါရီလ (၆)ရက်နေ့မှ (၁၁)အထိ အုပ်စုပွဲစဉ်များကို ဝင်ရောက်ယှဉ်ပြိုင်ကာ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် တတိယလုပွဲနှင့် ဗိုလ်လုပွဲကိုယှဉ်ပြိုင်၍ အနိုင်ရရှိသည့်အသင်းအား ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။

ရဲလင်းထွန်း(ထီးချိုင့်)