ကျွန်းလှ၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Covaxin) Phase-7 ပထမအကြိမ် ထိုးနှံပေး

ကျွန်းလှ ဖေဖော်ဝါရီ ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Covaxin) Phase-7 ပထမအကြိမ်အဖြစ် ယနေ့နံနက် ၈ နာရီက မြို့နယ် ပြည်သူ့ဆေးရုံ၌ ထိုးနှံပေးကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

 “သံဃာတော်များ၊ သီလရှင်များ၊ အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများ၊ ဦးတည်အုပ်စုတွင် ပါဝင်သူများအား အသုတ်ခွဲ၍ ကာကွယ်ဆေးထိုးနှံပေး လျက်ရှိကြောင်း၊ Phase-7 ပထမအကြိမ်ထိုးနှံရန် Covaxin ဆေးအလုံးရေ ၁၀၀ ရရှိပြီး ဆေးတစ်လုံးလျှင် ၁၀ ဦးနှုန်းဖြင့် လူဦးရေ ၁၀၀၀ ထိုးနှံပေးမည်ဖြစ်ကြောင်း၊ ယနေ့အထိ ၁၄၀ ဦးထိုးနှံပြီး ဖြစ်ကြောင်း၊ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးရန် ကျန်ရှိသူများအား ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူး၊ မြို့နယ် ဆရာဝန်ကြီး ဒေါက်တာ ဝင်းဇော်ဌေးတို့က ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ