ဒေးဒရဲမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား ဌာနပေါင်းစုံ အလွတ်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲ နောက်ဆုံးအုပ်စု ပွဲစဉ်များယှဉ်ပြိုင်

ဒေးဒရဲ ဖေဖော်ဝါရီ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင်  (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား ဌာနပေါင်းစုံ အလွတ်တန်း ဖူဆယ် ဘောလုံးပြိုင်ပွဲ၏ နောက်ဆုံးအုပ်စု ပွဲစဉ်များ ယှဉ်ပြိုင်ကစားခြင်းကို ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က မြို့နယ်အားကစား ခန်းမတွင် ယှဉ်ပြိုင် ကစားခဲ့ကြကြောင်း သိရသည်။

အဆိုပါဖူဆယ်ဘောလုံး ပြိုင်ပွဲ၏ နောက်ဆုံးအုပ်စု ပွဲစဉ်များ ယှဉ်ပြိုင်ကစားရာတွင် ပထမပွဲစဉ်အဖြစ် မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် မြို့နယ်ရဲတပ်ဖွဲ့ (က)အသင်းတို့ ယှဉ်ပြိုင် ကစားကြရာ (၁၆)ဂိုး (၃)ဂိုးဖြင့် မြို့နယ်မီးသတ်တပ်ဖွဲ့က အနိုင်ရရှိခဲ့ပြီး၊ ဒုတိယပွဲစဉ်အဖြစ် လယ်ယာ/စာရင်းအင်း(ခ)အသင်းနှင့် ပညာရေး အသင်းတို့ ယှဉ်ပြိုင် ကစားကြရာ တစ်ဖက်လျှင် (၄)ဂိုးစီဖြင့် သရေပွဲဖြင့် ပြီးဆုံးခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်အနေဖြင့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့်  ဌာနပေါင်းစုံ အလွတ်တန်း ဖူဆယ်ဘောလုံး ပြိုင်ပွဲတွင် ဌာနဆိုင်ရာများရှိ အားကစားအသင်း (၈)သင်းမှ ပြိုင်ပွဲဝင် အားကစားသမား(၈ဝ)ဦး ပါဝင်ယှဉ်ပြိုင် ကစားလျက်ရှိပြီး အကြိုဗိုလ်လုပွဲကို ဖေဖော်ဝါရီလ (၈)ရက်နေ့တွင် မီးသတ်ဦးစီးဌာနအသင်းနှင့် မြို့နယ်ရဲတပ်ဖွဲ့ (ခ)အသင်းတို့ကလည်းကောင်း၊ ဖေဖော်ဝါရီလ (၉)ရက်နေ့တွင် ပညာရေးဌာနအသင်းနှင့် အထွေထွအုပ်ချုပ်ရေး ဦးစီးဌာန(ခ) အသင်းတို့အားလည်းကောင်း အသီးသီး ယှဉ်ပြိုင် ကစားသွားမည် ဖြစ်ကြောင်း သိရသည်။  

အေဇာလင်း