နတ်မောက်မြို့နယ်တွင် (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့်ဓာတ်ပုံပြပွဲကျင်းပ

နတ်မောက် ဖေဖော်ဝါရီ ၇

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ဓာတ်ပုံပြပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြိုအဖြစ် စာအုပ်ပြပွဲ၊ နံရံကပ်စာစောင် ပြပွဲနှင့်ဓာတ်ပုံပြပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရုံးချုပ်မှပေးပို့သော သုတ၊ ရသစာအုပ်များ၊ မဂ္ဂဇင်းနှင့်ရုပ်ပြစာအုပ်များ ပြသခဲ့ပြီး နံရံကပ် စာစောင်နှင့် ဓာတ်ပုံပြပွဲတွင် ဗိုလ်ချုပ်အောင်ဆန်း၏ နိုင်ငံရေးလှုပ်ရှားမှုများ၊ ကျောင်းသားဘဝ မှတ်တမ်းဓာတ်ပုံများ၊ ပြည်ထောင်စုနေ့ အထိမ်းအမှတ်ဆိုင်ရာ အသိပညာပေး အကြောင်းအရာများကို ခင်းကျင်းပြသခဲ့သည်။

ထိုသို့ပြသရာတွင် အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းမှ ဆရာ/ဆရာမများ ကျောင်းသား/ကျောင်းသူများ က ပြသထားသည့် စာအုပ်စာစောင်များနှင့် နံရံကပ် ဓာတ်ပုံများကို စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

သင်သင်းမြတ်