ဆဌမအကြိမ် ပခုက္ကူမြို့နယ် သံဃနာယကအဖွဲ့ အနားယူအစားထိုးခြင်းဆိုင်ရာ အခမ်းအနားနှင့် မြို့နယ်သံဃာ့ဝန်ဆောင် နှစ်ပတ်လည် အစည်းအဝေးကျင်းပ

ပခုက္ကူ  ဖေဖော်ဝါရီ ၇

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်တွင် မြို့နယ်သံဃနာယကအဖွဲ့ အနားယူအစားထိုးခြင်းဆိုင်ရာ အခမ်းအနားနှင့် မြို့နယ်သံဃာ့ဝန်ဆောင်နှစ်ပတ်လည် အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁နာရီက ပခုက္ကူမြို့ ပရိယတ္တိနှစ်ထပ်စာဖြေဆောင်တွင် ကျင်းပရာ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများရှိ ကျောင်းတိုက်များမှ သံဃာတော်များ ကြွရောက် မဲပေးရွေးချယ်ကြသည်။

ရှေးဦးစွာအခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးစန်းလှိုင်က သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။

ထို့နောက် အခမ်းအနားမှူးဆရာတော် ဦးဇဝနက အနားယူခြင်းဆိုင်ရာ လုပ်ငန်းစီမံချက်အရ အနားယူသော ဆရာတော်များ၏ ဘွဲ့အမည်များကို ကြေညာ၍ အစားထိုးရွေးချယ်မည့် ဆရာတော်များ၏ ဘွဲ့အမည် ကို သံယာ့ဆန္ဒရယူ၍ ရွေးချယ်အတည်ပြုခဲ့ကြောင်း သိရသည်။

ဟိန်းသူ(ပြန်/ဆက်)