(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ဆောင်ရွက်

ရှမ်းရွာသစ်        ဖေဖော်ဝါရီ ၇

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုးဆိုဂုဏ်ပြုသောအားဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရှမ်းရွာသစ်မြို့ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ယနေ့နံနက်ပိုင်းတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ဆောင်ရွက်ခဲ့ကြသည်။

အသိပညာပေး Talk Show အစီအစဉ်တွင် ရှမ်းရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူးဒေါ်အေးအေးနွဲ့က Talk Show ကျင်းပပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားပြီး အခြေခံပညာအထက်တန်းကျောင်းမှအလယ်တန်းပြဆရာမ‌ဒေါ်ဝါဝါထွေးကပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံအကြောင်း အရာများ၊ လူငယ်များအနေဖြင့် ပြည်ထောင်စုစိတ်ဓာတ် ဘယ်လိုမွေးမြူသင့်သလဲ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၏အ‌ရေးပါပုံ၊ ပင်လုံစာချုပ် မချုပ်ဆိုမီ တောင်တန်းဒေသ စုံညီအစည်းအဝေးကျင်းပမှု  စသည့် ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာများနှင့် စပ်လျဉ်း၍ အကျယ်တဝင့် ဆွေးနွေးခဲ့ကြသည်။

အဆိုပါ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ဆွေးနွေးမှု အပြည့်အစုံကို  Facebook Page တွင် ဖော်ပြပေးသွားမည်ဖြစ်ကြောင်း သိရသည်။