ကျိုက်ဒုံမြို့၌ ပိုးကရင်ဘာသာ၊ မြန်မာဘာသာဖြင့် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲ အိုမီခရွန် (omicron) ရောဂါပိုး ကြိုတင်ကာကွယ်နိုင်စေရေးအတွက် အသိပညာပေး နှိုးဆော်မှုများဆောင်ရွက်

ကျိုက်ဒုံ ဖေဖော်ဝါရီ ၇

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက ယနေ့ နံနက် ၈ နာရီက ကျိုက်ဒုံမြို့အမှတ်(၃)ရပ်ကွက်၌ ဒေသနေပြည်သူများအား၊ ပိုးကရင်ဘာသာ၊ မြန်မာဘာသာဖြင့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲအိုမီခရွန် (omicron)ရောဂါပိုးများ ကို သတိပြုကာကြိုတင် ကာကွယ်နိုင်စေရေးအတွက် အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်ခဲ့ သည်။

ထိုသို့ အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်ရာတွင် ပြည်သူများအနေဖြင့် တစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာနေကြရန်၊ ပါးစပ်နှင့် နှာခေါင်းစည်း တပ်ဆင်ကြရန်၊ ချောင်းဆိုးနှာချေလျှင် တံတောင်ဆစ် ကွေးနှင့် အုပ်၍ ဆိုးကြရန်၊ မိမိတို့၏ နေအိမ်ပြတင်းပေါက်များကို ဖွင့်ထားကြရန်၊ လက်ကို စက္ကန့်(၂၀)ကြာ ဆေးကြောရန်၊တက်နိုင်သမျှ အိမ်မှာနေထိုင်ကြရန်၊ လူစုလူဝေးရှောင်ရှားကြရန်၊ မိမိကိုယ်မိမိ သံသယလက္ခဏာခံစားရလျှင် နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်ကြရန်၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ကွင်းဆက်ဖြတ်တောက်နိုင်စေရေးအတွက် ကာကွယ်ဆေး ထိုးနှံမှုများ ကို အကြိမ်ပြည့် မပျက်မကွက် ခံယူကြရန် စသည့် အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

သန်းထွန်းနိုင် ကျိုက်ဒုံ(ပြန်/ဆက်)