ကန့်ဘလူ ဖေဖော်ဝါရီ ၇
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့၌ အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများကို ယမန်နေ့နံနက် ၉ နာရီကစတင်၍ အထက(၁) ကျောင်းတွင် ကျင်းပလျက်ရှိကြောင်း သိရသည်။
အဆိုပါ အားကစားပြိုင်ပွဲများတွင် အလယ်တန်းဆင့် မီတာ ၁၀၀ ကျား/မ အပြေးပြိုင်ပွဲ၊ မူလတန်းဆင့် မီတာ ၅၀ ကျား /မ အပြေးပြိုင်ပွဲ၊ မူလတန်းဆင့် ပီနံအိတ်စွပ် (ကျား /မ)အပြေးပြိုင်ပွဲ၊ မူလတန်းဆင့် ဆန်ကောရွက်အပြေးပြိုင်ပွဲများကို ဖေဖော်ဝါရီ ၆ ရက်မှ ၁၁ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း လက်ထောက်မြို့နယ်ပညာရေးမှူး ဦးမိုးကျော်အောင်က ပြောသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)